Ethical Recruitment 201 Training (ကျင့်ဝတ်နဲ့ ညီသော လုပ်သားစုဆောင်းမှုဆိုင်ရာ အဆင့်မြင့် သင်တန်း)
Tue, Aug 13
|Virtual Event in Burmese
Issara's Worker Voice-Driven Ethical Recruitment Toolkit - ကျင့်ဝတ်နှင့်ညီသောလုပ်သားစုဆောင်းမှုတွင် ပိုမိုထိရောက်သော အလုပ်သမားအသံဖြင့်မောင်းနှင်သော ချဉ်းကပ်မှုအား ပံ့ပိုးကူညီရန် လက်တွေ့ကျသော နည်းစနစ်များနှင့်ရွှေအိပ်မက် Marketplace တို့ကို မိတ်ဆက်ပေးပါမည်။
Time & Location
Aug 13, 2024, 9:00 AM – 12:30 PM GMT+6:30
Virtual Event in Burmese
About the event
ကျင့်ဝတ်နဲ့ ညီသော လုပ်သားစုဆောင်းမှုဆိုင်ရာ အဆင့်မြင့် သင်တန်း ကတော့ ယခင်လတွေက ပေးခဲ့တဲ့ အခြေခံ Ethical Recruitment 101 Training တက်ထားပြီးသူတိုင်း တက်ရောက်ဖို့အတွက် ပိုမိုသင့်တော်ပါတယ်။ ကျင့်ဝတ်နဲ့ ညီတဲ့ လုပ်သားစုဆောင်းရေးအတွက် လိုက်နာရမယ့် စည်းမျဉ်းတွေ၊ လုပ်ဆောင်ရမယ့်အရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။ ကျင့်ဝတ်နဲ့ ညီတဲ့ လုပ်သားစုဆောင်းရေး လုပ်ဆောင်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ၊ လုပ်သားစုဆောင်းရေးအေဂျင်စီတွေအတွက် ရွေးချယ်မှုဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့ ကျင့်ဝတ်နဲ့ ညီတဲ့ လုပ်သားစုဆောင်းမှုစနစ်ကို စနစ်တကျ အကောင်အထည်ဖော်နိုင်ဖို့အတွက် လုပ်ဆောင်ရမယ့် အသေးစိတ် နည်းလမ်းတွေအကြောင်းကို သင်တန်းချိန်အတွင်းမှာ လေ့လာခွင့်ရမှာဖြစ်ပါတယ်။
သင်ယူခြင်း ရည်ရွယ်ချက်များ-
Issara ၏ Ethical Recruitment Program နှင့် Tools များကို အလုပ်ရှင်များနှင့် အလုပ်သမားစုဆောင်းရေးအေဂျင်စီများအတွက်အသုံးချနိုင်မှုများကို နားလည်စေရန်။
Issara နှင့် ILM Action Network အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သည့် နယ်ပယ်များကို ခွဲခြားသတ်မှတ်နိုင်ရန်။