top of page

ကျင့်ဝတ်နှင့် ညီသော ပြသာနာဖြေရှင်းမှု ယန္တရားများဆိုင်ရာ အထူးသင်တန်း (Ethical Grievance Mechanism Training)

Tue, Jun 10

|

Virtual Event in Burmese Language

ကျင့်ဝတ်နှင့် ညီတဲ့ ပြသာနာဖြေရှင်းမှု ယန္တရားတွေကို ဘယ်လိုအသုံးချ ဖြေရှင်းပေးလို့ ရမလဲဆိုတာတွေကို အဓိက သင်တန်းချိန် အတွင်းမှာ လေ့လာဆွေး‌‌နွေး အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။

ကျင့်ဝတ်နှင့် ညီသော ပြသာနာဖြေရှင်းမှု ယန္တရားများဆိုင်ရာ အထူးသင်တန်း (Ethical Grievance Mechanism Training)
ကျင့်ဝတ်နှင့် ညီသော ပြသာနာဖြေရှင်းမှု ယန္တရားများဆိုင်ရာ အထူးသင်တန်း (Ethical Grievance Mechanism Training)

Time & Location

Jun 10, 2025, 9:30 AM – 12:30 PM GMT+6:30

Virtual Event in Burmese Language

About the event

ကျင့်ဝတ်နှင့် ညီသော ပြသာနာဖြေရှင်းမှု ယန္တရားများဆိုင်ရာ သင်တန်း Ethical Grievance Mechanism Training မှာ မြန်မာလုပ်သားစုဆောင်းရေး အေဂျင်စီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့  ကျင့်ဝတ်နဲ့ ညီတဲ့ လုပ်သားစုဆောင်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ချိန်တွေ၊ အလုပ်သမားတွေကို စက်ရုံအလုပ်ရုံတွေကို စေလွှတ်ရာမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား ကြုံနေရတဲ့  ပြသာနာတွေအကြောင်း ဝိုင်းဝန်း ဆွေးနွေးခွင့်ရမှာ ဖြစ်ပြီးတော့ ဒီလိုပြသာနာတွေကို ကြားဝင်ပြီး ကူညီ ဖြေရှင်းဆောင်ရွက်ပေးရာမှာ ကျင့်ဝတ်နှင့် ညီတဲ့  ပြသာနာဖြေရှင်းမှု ယန္တရားတွေကို ဘယ်လိုအသုံးချ ဖြေရှင်းပေးလို့ ရမလဲဆိုတာတွေကို အဓိက  သင်တန်းချိန် အတွင်းမှာ လေ့လာဆွေး‌‌နွေး အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။


ဒီသင်တန်းချိန်အတွင်းမှာ 

  • ပြသာနာဖြေရှင်းရေး ယန္တရားတွေမှာ အလုပ်သမားတွေရဲ့ အသံတွေရဲ့ အရေးပါမှု၊ 

  • အလုပ်သမားတွေရဲ့ အမှန်အကန် ရင်ဖွင့်သံတွေအတွက် လက်ခံနားထောင်ပေးနိုင်မယ့် အလုပ်သမား အသံ ချယ်နယ်များ၊ 

  • လုပ်ငန်းရှင်တွေ၊ ဝယ်လက်တွေ၊ အေဂျင်စီတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းပြီး ဆောင်ရွက်နိုင်မယ့် နည်းလမ်းများ၊ 

  • ပြသာနာတွေကို ကူညီဖြေရှင်းပေးရာမှာ ထိခိုက်နစ်နာမှုမရှိစေဘဲ ကျင့်ဝတ်နဲ့ အညီ ကူညီဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေအကြောင်းကို အဓိက ရည်ရွယ်ချက်တွေအနေနဲ့ လေ့လာခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။ 



Share this event

© 2025 Issara Institute, Inc.

Issara badge teal bg.png
bottom of page