ကျင့်ဝတ်နှင့်ညီသော အလုပ်သမားပြသာနာဖြေရှင်းမှု ယန္တရား အဆင့်မြင့် ၂၀၁ သင်တန်း
Thu, Nov 05
|Virtual Event in Burmese Language
လက်ရှိရှိနေသော တိုင်ကြားစာဖြေရှင်းမှု ယန္တရားများကို ပိုမိုအားကောင်းစေရန်အတွက် ကိုယ်တိုင်ဆန်းစစ်သည့် ကိရိယာ (Self-assessment tool) ကို အသုံးပြု၍ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ပါမည်။ လုပ်ငန်းခွင်တွင်း တိုင်ကြားစာဖြေရှင်းမှု စနစ်များနှင့် အလုပ်သမားစုဆောင်းရေး လုပ်ငန်းစဉ်များကို


Time & Location
Nov 05, 2026, 9:30 AM – 12:30 PM GMT+6:30
Virtual Event in Burmese Language
Guests
About the event
သင်ယူမှု ရည်မှန်းချက်များ
အလုပ်သမားအသံ (Worker Voice) နှင့် ထိရောက်သော တိုင်ကြားစာဖြေရှင်းမှုစနစ် [မရှိခြင်း] ကြောင့် ဖြစ်ပေါ်လာနိုင်သော အလုပ်သမားရေးရာ ဆုံးရှုံးနိုင်ခြေများနှင့် စိန်ခေါ်မှုများကို သိရှိနိုင်ရန်။
အားနည်းချက်များနှင့် ပိုမိုအားကောင်းအောင် လုပ်ဆောင်ရမည့် အပိုင်းများကို သိရှိနိုင်ရန်အတွက် အလုပ်သမားစုဆောင်းရေး လုပ်ငန်းစဉ်တွင် အသုံးပြုသော စနစ်များအပါအဝင် လုပ်ငန်းခွင်တွင်း တိုင်ကြားစာဖြေရှင်းမှု ယန္တရားများကို ဆန်းစစ်နိုင်ရန်။
အရေးကြီးမှုအလိုက် ဦးစားပေးအဆင့်ဆင့် သတ်မှတ်ထားသော တိုင်ကြားစာဖြေရှင်းမှုစနစ် မြှင့်တင်ရေး အစီအစဉ်ကို ရေးဆွဲနိုင်ရန်။
ကြာချိန် : ၃ နာရီခန့်
တက်ရောက်သင့်သူများ : ကျင့်ဝတ်နှင့်အညီ တိုင်ကြားစာဖြေရှင်းမှုစနစ် ၁၀၁ သင်တန်း တက်ရောက်ပြီးသူများ
